Search
Close this search box.

Office Info:

Follow us:

What is Business Management?

BUSINESS MANAGEMENT ဆိုတာဘာလဲ?                                                

Business Management ဆိုတာ (စီးပွားရေးနှင့်ပါတ်သက်တဲ့ စီမံခန့်ခွဲမှု ဆိုင်ရာများကို) လေ့လာရတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Management ဆိုတာက နေရာတိုင်း လုပ်ငန်းတိုင်း အတွက် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

Management ဆိုတာကတော့ လုပ်ငန်းဆောင်တာများနှင့်ပါတ်သက်ပြီး စနစ်တကျဖြစ်စေဖို့၊ မိမိတို့ရဲ့ မျော်မှန်းထားတဲ့ အောင်မြင်မှုတွေ လုပ်ငန်းအတွက်ဆိုလဲ အမြတ်တွေ ပိုပြီးရဖို့၊ လုပ်ဆောင်နေသမျှ လုပ်ငန်းတိုင်း အရာရာတိုင်းကို စနစ်တကျနဲ့ သတ်မှတ်တဲ့အချိန်မှာ အတိအကျ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ စသည်များအတွက် လေ့လာရတဲ့ ဘာသာရပ်ဆိုလဲ မမှားပါဘူး။

ယေဘုယျအားဖြင့်တော့ Business Management ဆိုတာနဲ့ အောက်ပါဘာသာရပ်များကို သွားပြီးမြင်တတ်ကြပါတယ်။

  • General Management 
  • Human Resource Management 
  • Marketing & Sales Management 
  • Customer Service Management 
  • Financial Management 
  • Strategic Management 
  • Operation Management 
  • Supply Chain Management စသည်ဖြင့် များစွာရှိပါတယ်။