atbc.edu.mm ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်မူဝါဒနှင့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံးသည် သီးသန့်ဖြစ်ပြီး၊ အန္တရာယ် သို့မဟုတ် အလွဲသုံးစားမှုများမှ ကင်းဝေးနိုင်စေရန် အာမခံပါသည်။
ကျွန်ုပ်တို့၏ website ပေါ်တွင် ရှိနေစဉ်ကာလအတွင်း ကျွန်ုပ်တို့ထံ ပေးပို့သော သင်၏ သတင်းအချက်အလက် အားလုံးကို လုံခြုံမှုရှိစေရန် တင်းကျပ်စွာ လျှို့ဝှက်ထားပါသည်။
ဤမူဝါဒဆိုင်ရာ အချက်အလက်များကို ကြိုတင် ဖတ်ရှုထားခြင်းဖြင့် ကျွန်ုပ်တို့၏ website / ကျွန်ုပ်တို့၏ သင်ခန်းစာများနှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အသိပေးဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မည်။
♦ သင့်ထံမှ အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် အဘယ်ကြောင့် ရယူပါသနည်း။
ကျွန်ုပ်တို့၏ စိတ်ကြိုက် ၀န်ဆောင်မှုများ ပေးနိုင်ရန် သင့်ထံမှ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းရယူခြင်း ဖြစ်ပါသည်။
ဥပမာ – သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် သင်၏ကိုယ်ပိုင် Account တစ်ခုနှင့် RSS feed ကို ဖန်တီးရန် ခွင့်ပြုထားပါသည်။
ဤဝန်ဆောင်မှုသည် လေ့လာသူများအတွက် အလွန် အဆင်ပြေစေလိမ့်မည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ထို့အပြင် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖြည့်သွင်းထားခြင်းအားဖြင့် ကျွန်ုပ်တို့၏ အခမဲ့ သင်ခန်းစာများ၊ အခပေး သင်ခန်းစာများ၊ အသစ်ထွက်ရှိသော သင်ခန်းစာများ၊ ကမ်းလှမ်းချက်များနှင့် Promotion စျေးနှုန်းများအကြောင်းကို သင့်အား အသိပေးရန် ခွင့်ပြုထားပါသည်။
♦ သင့်ထံမှ မည်သည့် သတင်းအချက်အလက်များကို ကျွန်ုပ်တို့ ရယူပါသနည်း။
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်သို့ သင်ဝင်ရောက်သည့်အခါ အောက်ပါ အချက်အလက်အချို့ကို သင့်အနေဖြင့် ဖြည့်သွင်းရပါလိမ့်မည်။ သင့်ကိုယ်ပိုင် User Account တစ်ခု ဖွင့်ရန်နှင့် အခမဲ့သင်ခန်းစာများ၊ အခပေးသင်ခန်းစာများကို လေ့လာရန်အတွက် သင်၏အမည် သို့မဟုတ် ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာကို ထည့်သွင်းရပါမည်။
သင့်အနေဖြင့် ကျွန်ုပ်တို့၏ website သို့ ဝင်ရောက် အသုံးပြုသည့်အခါတိုင်း သင်၏ အသုံးပြုမှု အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် စုဆောင်းရယူပါလိမ့်မည်။
(ဥပမာ – သင်သည် အကြိမ်ရေ မည်မျှ login ဝင်ရောက်သည်၊ မည်သည့် သင်ခန်းစာများကို ဝင်ရောက်လေ့လာသည်၊ ၎င်းတို့အပေါ်တွင် အချိန် မည်မျှကြာအောင် လေ့လာသည် စသည်ဖြင့်)။
ဤသတင်းအချက်အလက်များကို စုဆောင်းခြင်းသည် သင့်အနေဖြင့် မည်သည့် သင်ခန်းစာများကို လေ့လာလိုကြောင်း၊ မည်သည့် သင်ခန်းစာများကို စိတ်ဝင်စားကြောင်း၊ မည်သည့် သင်ခန်းစာများက သင့်အတွက် အထောက်အကူဖြစ်ကြောင်းကို ဆုံးဖြတ်နိုင်စေရန် ကျွန်ုပ်တို့အား သိရှိစေပါလိမ့်မည်။
♦ atbc.edu.mm သည် Cookies များကို အသုံးပြုပါသလား။
အခြား ဝက်ဘ်ဆိုက်များကဲ့သို့ atbc.edu.mm သည် cookies ဟု ခေါ်ဝေါ်သော နည်းပညာကို အသုံးပြု၍ သတင်းအချက်အလက်များကို စုဆောင်းရန်နှင့် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန် ပြုလုပ်ထားပါသည်။
♦ Cookie ဆိုသည်မှာ အဘယ်နည်း။
Cookie ဆိုသည်မှာ အလွန်သေးငယ်သော စာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။
အကယ်၍ သင်၏ browser setting က ခွင့်ပြုလျှင် သင်၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းပေါ်တွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်ပါလိမ့်မည်။
Cookies များသည် သင့်ကို အသိအမှတ်ပြုရန်နှင့် သင်၏ အတွေ့အကြုံများနှင့် အံဝင်ခွင်ကျဖြစ်စေရန် ကူညီပါလိမ့်မည်။
Cookies များက ကျွန်ုပ်တို့အား သီးသန့်သတင်းအချက်အလက်များကို စုဆောင်းရန် ခွင့်ပြုမထားကြောင်း သတိပြုရန် အရေးကြီးပါသည်။
♦ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့မှ မည်သို့ ကာကွယ်ပေးထားပါသနည်း။
atbc.edu.mm သည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ခိုးယူမှုနှင့် အလွဲသုံးစားမှုများအပြင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထုတ်ဖော်ခြင်းတို့ကို လုံးဝ(လုံးဝ) ပြုလုပ်လိမ့်မည်မဟုတ်ပါ။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာ အချက်အလက် လိုအပ်သော ဝက်ဘ်စာမျက်နှာများနှင့် ဤအချက်အလက်များကို သိမ်းဆည်းထားသည့် ဆာဗာများပေါ်တွင် Secure Sockets Layer (SSL) ဝှက်စာစနစ်ကိုသာ အသုံးပြုထားပါသည်။
ထို့အပြင် atbc.edu.mm တွင် သင်ခန်းစာများ ဝယ်ယူရန်အတွက် သင့်တွင် Firefox, Safari, Netscape Navigator 3.0 သို့မဟုတ် Internet Explorer စသည့် SSL ဖြင့် အသုံးပြုနိုင်သည့် browser ကို အသုံးပြုရမည်။
ဤအစီအမံသည် သင်၏ ကိုယ်ရေးကိုယ်တာနှင့် ခရက်ဒစ်ကဒ် အချက်အလက်များကို အင်တာနက်ပေါ်မှ ထုတ်လွှင့်နေစဉ် လျှို့ဝှက်ပေးထားပါသည်။
♦ သင့်ထံမှ ရရှိထားသော သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ အသုံးပြုပါသနည်း။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန်နှင့် ဖောက်သည်ဝန်ဆောင်မှုကို ထောက်ပံ့ရန်အတွက်သာ အသုံးပြုပါသည်။
ရံဖန်ရံခါတွင် ကျွန်ုပ်တို့ စုဆောင်းထားသော သတင်းအချက်အလက်များကို ကျွန်ုပ်တို့ဝက်ဘ်ဆိုက်အတွက် အရေးကြီးသော ပြောင်းလဲမှုများနှင့် သင့်အတွက် တန်ဖိုးရှိလိမ့်မည်ဟု ကျွန်ုပ်တို့ထင်မြင်ယူဆသော ၀န်ဆောင်မှုအသစ်များနှင့် အထူးကမ်းလှမ်းမှုများအကြောင်းကို သင့်အားအကြောင်းကြားရန်လည်း အသုံးပြုနိုင်သည်။
အကယ်၍ သင်သည် atbc.edu.mm ၏ အခမဲ့ သင်ခန်းစာများ၊ အခပေး သင်ခန်းစာများ၊ ၀န်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းအသစ်များ အပါအဝင် သင်ခန်းစာများကို ဆက်လက် လေ့လာသင်ယူလိုခြင်း မရှိတော့ပါက သင်၏အကောင့်ကို နှိပ်ပါ။
သင်၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရန် အချက်အလက်နှင့် ကြိုက်နှစ်သက်ရာများကို အသစ်ပြောင်းပါ။
အကယ်၍ သင်သည် သင်၏ သတင်းအချက်အလက်များကို တစ်စုံတစ်ရာသော ရည်ရွယ်ချက်အတွက် အသုံးမပြုလိုတော့ကြောင်း ကျွန်ုပ်တို့ကို အကြောင်းကြားလျှင်၊ ကျွန်ုပ်တို့အနေဖြင့် ဆက်လက် အသုံးပြုတော့မည်မဟုတ်ပါ။
♦ Third Parties များနှင့် သတင်းအချက်အလက် မျှဝေခြင်း ရှိပါသလား။
atbc.edu.mm သည် သင်၏ အချက်အလက်များကို Third Parties များနှင့် မျှဝေမည်မဟုတ်ပါ။
♦ အခြားသော လိုအပ်ချက်များ ပေါ်ပေါက်လာပါက မည်သို့ ဆောင်ရွက်ရမည်နည်း။
သင့်အနေဖြင့် ကျွန်ုပ်တို့၏ မူဝါဒပေါ်လစီနှင့် ပတ်သက်၍သော်လည်းကောင်း၊ သင်ခန်းစာများ ဝယ်ယူခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း အခြားမေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိပါက info@atbc.edu.mm ကျွန်ုပ်တို့ကို အီးမေးလ် ပို့ပေးပါ။၊
ATBC Website သို့ဝင်ရောက်ကြည့်ရှုပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Need help getting started with our programmes? Don’t hesitate to contact us.
Established in 2019, ATBC International College is a leading private educational institution based in Yangon. ATBC International College is accredited by the Ministry of Education (MOE) and partners with internationally recognized universities and educational institutions to deliver high-quality diploma and master’s programs aligned with global academic standards. Read More >
2025
© All rights reserved by ATBC.