“ဒီနေ့” ခေတ်မှာ လူတိုင်းသိပြီးသားဖြစ်တဲ့ စီးပွားရေးဆိုင်ရာ မဟာဘွဲ့အကြောင်း အနည်းငယ် မျှဝေပေးချင်ပါတယ်။
MBA – Master of Business Administration ပေါ့။
မြန်မာနိုင်ငံမှာ ယခုဆိုရင် သင်တန်းကျောင်းတော်တော်များများမှာ MBA သင်တန်းကို သင်တန်းကြေး အနဲဆုံးနှင့် တက်လို့ရနေပါပြီ။ ဒါပေမဲ့ MBA ဆိုတာ တွေ့သမျှသင်တန်းကို တန်းပြီးတက်လို့ရတဲ့ ဘာသာမျိုး မဟုတ်ပါဘူး။
သင်တန်းမတက်ခင် အရင်ဆုံး အောက်ပါအချက်တွေကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
- သင့်အနေနဲ့ MBA တက်ဖို့ တကယ်လိုအပ်နေပြီလား?
- သင်တန်းတက်ပြီဆိုရင်လဲ သင်တန်းကာလ အစ အဆုံး တက်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား?
- MBA သင်တန်းသည် Academic သင်တန်းမဟုတ်ပဲ မိမိကိုယ်တိုင် လေ့လာရမည့်ဘာသာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ စာဖတ်အားကောင်းတဲ့ အလေ့အကျင့် ရှိနေလား?
Academic သင်တန်းများသည် ဆရာ/ ဆရာမ မှ သင်ကြားပေးတာကို လေ့လာပြီး Exam ဖြေဆိုရတာဖြစ်ပြီး MBA သင်တန်းသည် ဆရာ/ ဆရာမမှ Guide ပေးတာနှင့် သင်ခန်းစာအချို့ကို ရှင်းပြတာလောက်ပဲ ရှိပြီး အခြားအရာများအားလုံးကို မိမိဘာသာ လေ့လာရတာဖြစ်ပါတယ်။
- ဒါ့ကြောင့် English စာ ရေး၊ ဖတ်၊ ပြော နှင့်ပါတ်သက်ပြီး အနဲဆုံး intermediate level ဖြစ်မှ ပိုပြီး အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
- MBA သင်တန်းကာလပြီးပါက အရေးကြီးတဲ့ Thesis ရေးသားမှုအတွက် သင့်အနေနှင့် အချိန်ပေးနိုင်ရဲ့လား? (MBA မှာက Thesis ရေးသား တင်ပြပြီးမှသာ လက်မှတ်ရတာဖြစ်ပါသည်။)
- MBA ဘွဲ့ရပြီးပါက သင့်အနေနဲ့ ဆက်လက် လုပ်ဆောင်မည့်အရာတွေအတွက် သေသေချာချာ စဉ်းစား ဆုံးဖြတ်ပြီးပြီလား?
စတဲ့အချက်တွေကို အရင်ဆုံး သေချာစွာ သင်ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိထားမှသာ MBA တက်တာ အကျိုးရှိမှာ ဖြစ်ပါတယ်။
MBA ဆိုတာ လက်မှတ်ရပြီးရော ဆိုပြီး တက်လို့ကောင်းတဲ့ ဘာသာရပ်မဟုတ်ပါဘူး။
ဘာ့ကြောင့်လဲ ဆိုတော့
- MBA တက်ရင် အနဲဆုံး သင်တန်းကာလ ၁ နှစ် မှ၂ နှစ်လောက်ထိ အချိန်ပေးရပါတယ်။ ငွေကြေးကုန်ကျမှု သိန်း ၅၀ မှ ၁၀၀ ဝန်းကျင် ရှိပါမယ်။
- နိုင်ငံတကာမှာ Ranking ကောင်းပြီး Top Level ထဲမှာ ပါဝင်တဲ့ MBA ဆိုရင် USD 10,000 to 30,000 (မြန်မာငွေ သိန်း ၂၀၀ မှ ၆၀၀ လောက်အထိ) ရှိနိုင်တာ ဖြစ်ပါတယ်။
- ပြီးတော့ သင့်အနေနဲ့ သာမန်လူတွေထက်ပိုပြီးတော့ ကြိုးစားရပါမယ်။ လေ့လာမှု အားကောင်းရပါမယ်။
ဒါတွေ အကုန်လုံး သင့်မှာ ပြည့်စုံပြီဆိုရင်တော့ တက်ရောက်လေ့လာမည့် သင်တန်းကျောင်းနှင့်ပါတ်သက်ပြီး စုံစမ်းရပါမယ်။
- ဘယ်က ပေးတဲ့ MBA လက်မှတ်ရမှာလဲ? (မြန်မာနိုင်ငံမှာဆိုရင် Denmark, Swiss, Malaysia, Singapore, USA, France စတဲ့ MBA တွေများစွာ ရှိပါတယ်)
- ဒီအထဲကနေမှ သင်နှင့် သင့်တော် ကိုက်ညီတာကို ရွေးချယ်ပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
- အချို့ MBA က ဘာသာရပ် ၁၂ ဘာသာ/ ၁၃ ဘာသာ ထိ ရှိပါတယ်။ ပုံမှန်ကတော့ အနဲဆုံး ၈ ဘာသာမှ ၁၀ ဘာသာထိ လေ့လာရပါတယ်။
- ATBC မှာဖွင့်ထားတဲ့ Denmark – IBSS က MBA ဆိုရင် ၈ ဘာသာပဲ လေ့လာရပါတယ်။
- MBA မှာ သင်ရတဲ့ ဘာသာရပ် များတာနည်းတာက အရေးမကြီးပါဘူး၊ သင်ယူရတဲ့ ဘာသာတွေကို အကုန်လုံး ကြေကြေညက်ညက် နားလည် သဘောပေါက်ပြီး လက်တွေ့ပြန်လည် အသုံးချတတ်ဖို့ကသာ အဓိက ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာက MBA နှင့်ပါတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။
လေ့လာမိသလောက်ပြောရရင် MBA နှင့်ပါတ်သက်ပြီး စုံစမ်းတဲ့အခါ အောက်ပါ အချက်တွေလဲ အရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာဖွင့်တဲ့ MBA အများစုအတွက်
- eduQua – Swiss Quality Certificate for Adult Continuing Education Institutions ရှိရဲ့လား
- Awards for Training and Higher Education (ATHE) အသိအမှတ်ပြုရဲ့လား? https://www.athe.co.uk/
- The International Accreditation Council for Business Education (IACBE) အသိအမှတ်ပြုရဲ့လား? https://iacbe.org/
- Accreditation Service for International Schools, Colleges and Universities (ASIC) ရော ရှိရဲ့လား? https://www.asicuk.com/
- European Association for Distance Learning (EADL) ရော ရှိရဲ့လား? https://www.eadl.org/
- နောက်ထပ် ပိုပြီးအရေးကြီးတာက သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရ အသိအမှတ်ပြု ဖြစ်ရဲ့လား?
စတဲ့အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။
အထက်ပါ အချက်များသည် ယခု မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ အများစုသော MBA များအတွက်သာ ရည်ရွယ်ပါသည်။ ဒီထက် ပိုပြီးများတဲ့ အချက်အလက်တွေလဲ ရှိနိုင်ပါသေးသည်။ နောက်ရက်တွေမှာလဲ ဖော်ပြပါ အချက်တွေက တစ်ခုချင်းစီကို ထပ်မံပြီး ရှင်းပြပေးမှာဖြစ်တဲ့အတွက် ATBC – International College Page လေးကို Like & Follow ထားပေးပါဉီး။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။
ATBC မှာ ဖွင့်လှစ်ထားတဲ့ Denmark – IBSS (International MBA) သင်တန်းကို အောက်ပါလင့်မှာစုံစမ်းပြီး သင်တန်းကြေး USD 3,000 (Scholarship) ရယူနိုင်ပါတယ်။
MBA သင်တန်း စုံစမ်းရန် ဒီကို နှိပ်ပါ။
ဘယ်သူတွေ MBA တက်သင့်လဲ?
- ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေ၊
- လုပ်ငန်းခွင်ထဲမှာ Manager, General Manager, Director စတဲ့ အဆင့်မြင်ရာထူးတွေကို တာဝန်ယူ ထမ်းဆောင်နေတဲ့သူတွေ၊
- အနာဂတ်မှာ Master Degree တင်မကပဲ PhD ဒေါက်တာဘွဲ့ကို ရယူဖို့ အစီစဉ်ရှိတဲ့သူတွေ
- ကိုယ်ပိုင်လုပ်ငန်းကို ယခုထက်ပိုပြီး စနစ်တကျ စီမံခန့်ခွဲလိုတဲ့ သူတွေ
- နိုင်ငံခြားနှင့် ဆက်စပ် ကုမ္ပဏီလုပ်ငန်းတွေမှာ ရာထူးမြင့်မြင့် လစာမြင့်မြင့် တာဝန်ထမ်းဆောင်လိုတဲ့သူတွေ
- နိုင်ငံတကာ အဆင်မြင့်ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလိုသူတွေ တက်ရောက်လေ့လာနိုင်ပါသည်။
ATBC မှာ ဘာကြောင့် MBA တက်သင့်တာလဲ?
- MBA ဘွဲ့ရ, Ph.D. ဒေါက်တာဘွဲ့ရ ဆရာ/ ဆရာမတွေ နှင့် စီးပွားရေးနယ်ပယ်မှာ လက်တွေ့ အောင်မြင်နေတဲ့ ပညာရှင်တွေ ပါဝင်သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။
- လူငယ် စွန့်ဦးတီထွင်သူတွေကို အများဆုံးကူညီ လမ်းပြပေးနေတဲ့ သင်တန်းကျောင်း ဖြစ်ပါတယ်။
- ပညာရေးကို အမှန်တကယ် မြတ်နိုးတန်ဖိုးထားပြီး နိုင်ငံတကာ အဆင့်မြင့် ပညာရေးကို လက်တွေ့အကောင်အထည်ဖော်နေတဲ့ သင်တန်းကျောင်း ဖြစ်ပါတယ်။