Office Info:

Follow us:

Master’s Degree (MBA)

MBA – Master of Business Administration

မြန်မာနိုင်ငံမှာ ယခုဆိုရင် သင်တန်းကျောင်းတော်တော်များများမှာ MBA သင်တန်းကို သင်တန်းကြေး အနဲဆုံးနှင့် တက်လို့ရနေပါပြီ။ ဒါပေမဲ့ MBA ဆိုတာ တွေ့သမျှသင်တန်းကို တန်းပြီးတက်လို့ရတဲ့ ဘာသာမျိုး မဟုတ်ပါဘူး။ သင်တန်းမတက်ခင် အရင်ဆုံး အောက်ပါအချက်တွေကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

  • သင့်အနေနဲ့ MBA တက်ဖို့ တကယ်လိုအပ်နေပြီလား?
  • သင်တန်းတက်ပြီဆိုရင်လဲ သင်တန်းကာလ အစ အဆုံး တက်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား?
  • MBA သင်တန်းသည် Academic သင်တန်းမဟုတ်ပဲ မိမိကိုယ်တိုင် လေ့လာရမည့်ဘာသာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ စာဖတ်အားကောင်းတဲ့ အလေ့အကျင့် ရှိနေလား?
    ***Academic သင်တန်းများသည် ဆရာ/ ဆရာမ မှ သင်ကြားပေးတာကို လေ့လာပြီး Exam ဖြေဆိုရတာဖြစ်ပြီး MBA သင်တန်းသည် ဆရာ/ ဆရာမမှ Guide ပေးတာနှင့် သင်ခန်းစာအချို့ကို ရှင်းပြတာလောက်ပဲ ရှိပြီး အခြားအရာများအားလုံးကို မိမိဘာသာ လေ့လာရတာဖြစ်ပါတယ်။
  • ဒါ့ကြောင့် English စာ ရေး၊ ဖတ်၊ ပြော နှင့်ပါတ်သက်ပြီး အနဲဆုံး intermediate level ဖြစ်မှ ပိုပြီး အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
  • MBA သင်တန်းကာလပြီးပါက အရေးကြီးတဲ့ Thesis ရေးသားမှုအတွက် သင့်အနေနှင့် အချိန်ပေးနိုင်ရဲ့လား? (MBA မှာက Thesis ရေးသား တင်ပြပြီးမှသာ လက်မှတ်ရတာဖြစ်ပါသည်။)
  • MBA ဘွဲ့ရပြီးပါက သင့်အနေနဲ့ ဆက်လက် လုပ်ဆောင်မည့်အရာတွေအတွက် သေသေချာချာ စဉ်းစား ဆုံးဖြတ်ပြီးပြီလား?
စတဲ့အချက်တွေကို အရင်ဆုံး သေချာစွာ သင်ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိထားမှသာ MBA တက်တာ အကျိုးရှိမှာ ဖြစ်ပါတယ်။

MBA ဆိုတာ လက်မှတ်ရပြီးရော ဆိုပြီး တက်လို့ကောင်းတဲ့ ဘာသာရပ်မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့

  • MBA တက်ရင် အနဲဆုံး သင်တန်းကာလ ၁ နှစ် မှ၂ နှစ်လောက်ထိ အချိန်ပေးရပါတယ်။ ငွေကြေးကုန်ကျမှု သိန်း ၅၀ မှ ၁၀၀ ဝန်းကျင် ရှိပါမယ်။
  • နိုင်ငံတကာမှာ Ranking ကောင်းပြီး Top Level ထဲမှာ ပါဝင်တဲ့ MBA ဆိုရင် USD 10,000 to 30,000 (မြန်မာငွေ သိန်း ၂၀၀ မှ ၆၀၀ လောက်အထိ) ရှိနိုင်တာ ဖြစ်ပါတယ်။
  • ပြီးတော့ သင့်အနေနဲ့ သာမန်လူတွေထက်ပိုပြီးတော့ ကြိုးစားရပါမယ်။ လေ့လာမှု အားကောင်းရပါမယ်။

ဒါတွေ အကုန်လုံး သင့်မှာ ပြည့်စုံပြီဆိုရင်တော့ တက်ရောက်လေ့လာမည့် သင်တန်းကျောင်းနှင့်ပါတ်သက်ပြီး စုံစမ်းရပါမယ်။

  • ဘယ်က ပေးတဲ့ MBA လက်မှတ်ရမှာလဲ? (မြန်မာနိုင်ငံမှာဆိုရင် Denmark, Swiss, Malaysia, Singapore, USA, France စတဲ့ MBA တွေများစွာ ရှိပါတယ်)
  • ဒီအထဲကနေမှ သင်နှင့် သင့်တော် ကိုက်ညီတာကို ရွေးချယ်ပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
  • အချို့ MBA က ဘာသာရပ် ၁၂ ဘာသာ/ ၁၃ ဘာသာ ထိ ရှိပါတယ်။ ပုံမှန်ကတော့ အနဲဆုံး ၈ ဘာသာမှ ၁၀ ဘာသာထိ လေ့လာရပါတယ်။
  • ATBC မှာဖွင့်ထားတဲ့ Denmark – IBSS က MBA ဆိုရင် ၈ ဘာသာပဲ လေ့လာရပါတယ်။
  • MBA မှာ သင်ရတဲ့ ဘာသာရပ် များတာနည်းတာက အရေးမကြီးပါဘူး၊ သင်ယူရတဲ့ ဘာသာတွေကို အကုန်လုံး ကြေကြေညက်ညက် နားလည် သဘောပေါက်ပြီး လက်တွေ့ပြန်လည် အသုံးချတတ်ဖို့ကသာ အဓိက ဖြစ်ပါတယ်။
  • နောက်ထပ် အရေးကြီးတာက MBA နှင့်ပါတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။
လေ့လာမိသလောက်ပြောရရင် MBA နှင့်ပါတ်သက်ပြီး စုံစမ်းတဲ့အခါ အောက်ပါ အချက်တွေလဲ အရေးကြီးပါတယ်။



မြန်မာနိုင်ငံမှာဖွင့်တဲ့ MBA အများစုအတွက်

  • eduQua – Swiss Quality Certificate for Adult Continuing Education Institutions ရှိရဲ့လား
  • Awards for Training and Higher Education (ATHE) အသိအမှတ်ပြုရဲ့လား? https://www.athe.co.uk/
  • The International Accreditation Council for Business Education (IACBE) အသိအမှတ်ပြုရဲ့လား? https://iacbe.org/
  •  Accreditation Service for International Schools, Colleges and Universities (ASIC) ရော ရှိရဲ့လား? https://www.asicuk.com/
  • European Association for Distance Learning (EADL) ရော ရှိရဲ့လား? https://www.eadl.org/
  • နောက်ထပ် ပိုပြီးအရေးကြီးတာက သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရ အသိအမှတ်ပြု ဖြစ်ရဲ့လား?
စတဲ့အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။



အထက်ပါ အချက်များသည် ယခု မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ အများစုသော MBA များအတွက်သာ ရည်ရွယ်ပါသည်။ ဒီထက် ပိုပြီးများတဲ့ အချက်အလက်တွေလဲ ရှိနိုင်ပါသေးသည်။
နောက်ရက်တွေမှာလဲ ဖော်ပြပါ အချက်တွေက တစ်ခုချင်းစီကို ထပ်မံပြီး ရှင်းပြပေးမှာဖြစ်တဲ့အတွက် ATBC – International College Page လေးကို Like & Follow ထားပေးပါဉီး။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။

ATBC မှာ ဖွင့်လှစ်ထားတဲ့ Denmark – IBSS (International MBA) သင်တန်းကို အောက်ပါလင့်မှာစုံစမ်းပြီး သင်တန်းကြေး USD 3,000 (Scholarship) ရယူနိုင်ပါတယ်။
https://www.facebook.com/atbcinternationalcollege/posts/pfbid02cJ7rxFJTop8B8faXw86rn29rDpmoorqMDSqP9wkn8Z4QcYpqRLHMc37GMTZkhBA4l



ဘယ်သူတွေ MBA တက်သင့်လဲ?

  • ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေ၊
  • လုပ်ငန်းခွင်ထဲမှာ Manager, General Manager, Director စတဲ့ အဆင့်မြင်ရာထူးတွေကို တာဝန်ယူ ထမ်းဆောင်နေတဲ့သူတွေ၊
  • အနာဂတ်မှာ Master Degree တင်မကပဲ PhD ဒေါက်တာဘွဲ့ကို ရယူဖို့ အစီစဉ်ရှိတဲ့သူတွေ
  • ကိုယ်ပိုင်လုပ်ငန်းကို ယခုထက်ပိုပြီး စနစ်တကျ စီမံခန့်ခွဲလိုတဲ့ သူတွေ
  • နိုင်ငံခြားနှင့် ဆက်စပ် ကုမ္ပဏီလုပ်ငန်းတွေမှာ ရာထူးမြင့်မြင့် လစာမြင့်မြင့် တာဝန်ထမ်းဆောင်လိုတဲ့သူတွေ
  • နိုင်ငံတကာ အဆင်မြင့်ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလိုသူတွေ တက်ရောက်လေ့လာနိုင်ပါသည်။



ATBC မှာ ဘာကြောင့် MBA တက်သင့်တာလဲ?

  • MBA ဘွဲ့ရ, Ph.D. ဒေါက်တာဘွဲ့ရ ဆရာ/ ဆရာမတွေ နှင့် စီးပွားရေးနယ်ပယ်မှာ လက်တွေ့ အောင်မြင်နေတဲ့ ပညာရှင်တွေ ပါဝင်သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။
  • လူငယ် စွန့်ဦးတီထွင်သူတွေကို အများဆုံးကူညီ လမ်းပြပေးနေတဲ့ သင်တန်းကျောင်း ဖြစ်ပါတယ်။
  • ပညာရေးကို အမှန်တကယ် မြတ်နိုးတန်ဖိုးထားပြီး နိုင်ငံတကာ အဆင့်မြင့် ပညာရေးကို လက်တွေ့အကောင်အထည်ဖော်နေတဲ့ သင်တန်းကျောင်း ဖြစ်ပါတယ်။