ခုလိုမျိုး တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ သင့်ရဲ့ အနာဂတ်အတွက် သေချာရေရာချင်တယ်ဆိုရင်တော့ ခုဖော်ပြပေးမဲ့ နည်းပညာဆိုင်ရာတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။
အနာဂတ်မှာ စီးပွားရေးလုပ်ငန်းတိုင်းဟာ Digital Technology နဲ့ ICT ပညာရပ်တွေ အခြားသော ခေတ်နှင့်လျော်ညီတဲ့ နည်းပညာတွေကိုသာ ရာခိုင်နှုန်း အတော်များများ အားကိုးပြီး ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ သင်ကရော နည်းပညာရဲ့ အသုံးချခံ လူသားတစ်ယောက်အဖြစ်ခံမလား၊ ဒါမှ မဟုတ် နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ တစ်ယောက်ဖြစ်ပြီး လုပ်ငန်းထဲမှာ မရှိမဖြစ် အရေးပါတဲ့ သူတစ်ယောက်အဖြစ်နဲ့ နေချင်လား ?
ဒီမေးခွန်းက ယခု သင့်ကို မေးလိုက်တာ ဖြစ်ပါတယ်။
ယခုဆိုရင် နည်းပညာကို တစ်ကမ္ဘာလုံးက အသုံးပြုနေကြပြီ၊ ဒီအထဲမှာ သင် ဘာလို့ မပါသေးတာလဲ?
ဟုတ်ကဲ့ပါ ခုဖော်ပြပေးမည့် အချက်အလက်တွေကတော့ လက်ရှိမှာ လူငယ်တိုင်း တတ်ထားသင့်တဲ့ ပညာရပ်တွေပဲ ဖြစ်ပါတယ်။
- Digital Marketing နည်းပညာများ
- Graphic Design ပညာရပ်များ
- Video Editing နည်းပညာများ
- Website ရေးသားနည်း ပညာရပ်များ
- Mobile App ဖန်တီးခြင်း ပညာရပ်များ
- စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု ပညာရပ်များ
- Personal Relationship ဆိုင်ရာများ
- HR Management
- Marketing ပညာရပ်များ
- အွန်လိုင်းဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များ
- IT Networking ဆိုင်ရာ ပညာရပ်များ စတဲ့ များစွာသော ပညာရပ်တွေရှိပါတယ်။
မိတ်ဆွေရဲ့ အဓိက အားသာရာ Passion ရှိရာကို သေသေချာချာ လေ့လာပြီး ထို နယ်ပယ်မှာ ကျွမ်းကျင် ပညာရှင် အဖြင့် သင့်ကိုသင် ပြောင်းလဲ ဖို့ ခုက အကောင်းဆုံးနဲ့ လုပ်သင့်ဆုံး အချိန်ပဲ ဖြစ်ပါတယ်။
Digital Marketing နည်းပညာများ
Digital Marketing ဆိုတာဟာ မိမိတို့ရဲ့ Product or Service တွေကို Digital Device & Technology တွေကို အသုံးပြုပြီး လူများစွာ စိတ်ဝင်စားလာအောင်၊ မိမိတို့ ပစ္စည်းကို ဝယ်နိုင်ခြေရှိတဲ့ Target Audience ကို ကြော်ငြာပြလုပ်တဲ့ နည်းပညာဆိုရင်လဲ မမှားပါဘူး။
Digital Marketing ကို ထပ်ပြီး အသေးစိတ်မယ်ဆိုရင် –
• Online Digital Marketing နဲ့
• Offline Digital Marketing ဆိုပြီး ရှိပါတယ်။
Online Digital Marketing ထဲမှာ –
- Social Media Marketing,
- Influencer Marketing,
- Email Marketing
- Content Marketing
- Search Engine Optimization (SEO) Marketing
- Pay-per-click (PPC)
- Affiliate Marketing
- Mobile Marketing
- Video Marketing
- Website Marketing စတဲ့အကြောင်းအရာတွေများစွာ ပါဝင်ပါတယ်။
Offline Digital Marketing ဆိုရင်တော့
- SMS Marketing
- TV Marketing
- Radio Marketing
- Billboard Marketing စတဲ့အကြောင်းအရာတွေများစွာ ပါဝင်ပါတယ်။
ဖော်ပြပါ အချက်တွေထက်ပိုပြီး များတဲ့ အကြောင်းအရာတွေလဲ ရှိနိုင်ပါသေးတယ်။
ဒီဂျစ်တယ်မားကတ်တင်း အသုံးပြုခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အချက်တွေကတော့ –
- Global Reach ရနိုင်ပါတယ်
Internet Marketing or Digital Marketing အသုံးပြုခြင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးမှ သင်၏ ဖောက်သည်ဖြစ်နိုင်ချေရှိသူများ အားလုံးကို ကြော်ငြာနိုင်မည် ဖြစ်ပါသည်။သင့်ရဲ့ ဖောက်သည်များနှင့် အင်တာနက်ပေါ်မှ အချိန်မရွေး ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။အင်တာနက် အသုံးပြုနေကြသည့် ကမ္ဘာတစ်ဝန်းလုံးမှ သန်းပေါင်းများစွာသော သူများကို ကြော်ငြာနိုင်မည် ဖြစ်သောကြောင့် သင့်လုပ်ငန်းအတွက် ဖောက်သည်များစွာ ရနိုင်ပါသည်။သင်၏စီးပွားရေးလုပ်ငန်းသည်အင်တာနက်ပေါ်တွင်ကျယ်ပြန့်လာသည်နှင့်အမျှ၎င်းသည်အနာဂတ်တွင်အလားအလာများပိုမိုများပြားလာပြီးအမြတ်အစွန်းများများရရှိလိမ့်မည်။ - ကုန်ကျစရိတ်သက်သာသည်အွန်လိုင်းကြော်ငြာ၏အကြီးမားဆုံးသောအကျိုးကျေးဇူးတစ်ခုမှာ ၎င်း၏ကုန်ကျစရိတ်သက်သာခြင်းဖြစ်သည်။
အခြားသမားရိုးကျနည်းလမ်းများနှင့်မတူဘဲ သင်၏ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကိုမြှင့်တင်ရန် ကြော်ငြာအသုံးစရိတ် သိန်းရာချီပြီး သုံးစွဲရန် မလိုအပ်ပါ။ - Target AudienceOnline Marketing ပြုလုပ်ခြင်းက သင်၏လုပ်ငန်းအတွက် အလားအလာရှိတဲ့ ပစ်မှတ် ဝယ်ယူသူ ဖောက်သည်တွေဆီကို တိတိကျကျ ရောက်ရှိနိုင်တယ်။ သေချာ တိကျတဲ့ ဝယ်ယူသူ ဖောက်သည်တွေထံ ကြော်ငြာနိုင်မယ်။
- Engage Your CustomersCustomer တွေရဲ့ စိတ်ဝင်စားမူကို အခြားသူတွေထက်ပိုပြီး ရနိုင်ပါတယ်။ Customer တွေအတွက် အသင့်တော်ဆုံး ဖြစ်မည့် ရောင်းကုန်များကို သေသေချာချာ စီမံနိုင်ပါမည်။
- Access to Dataသင့်ဝယ်ယူသူ ဖောက်သည်တွေ၏ အချက်အလက် ဒေတာတွေကို စနစ်တကျ ပြုလုပ်ထားနိုင်ပါမည်။
- Fast and EasyDigital Marketing သည် သမရိုးကျဈေးကွက်ရှာဖွေရေး၊ ကြော်ငြာနည်းများနှင့်မတူဘဲမြန်ဆန်၊ လွယ်ကူပါသည်။
သမရိုးကျ ကြော်ငြာလုပ်ထုံးလုပ်နည်းသည် ရှည်လွန်းပြီးအချိန်များစွာကုန်ပါသည်။ Digital Marketing နည်းစနစ်ကတော့ လွယ်ကူမြန်ဆန်ပြီး သင့်လုပ်ငန်းအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။